ကောင်မလေးလက်ထဲမှာကိုင်ထားတဲ့ အအေးခွက်ကို လွှတ်မချမိအောင်
တော်တော်ထိန်းယူလိုက်ရပါတယ် မေမေ ပြောလိုက်တဲ့ စကားတစ်ခွန်း
ဟာ ကောင်မလေးရဲ့စိတ်ကို ဒီလောက်ထိ လှုပ်ရှားစေလိမ့်မယ်လို့ တစ်
ကြိမ်မှမတွေးခဲ့ဖူးပါဘူး"
သမီးလေးရဲ့ဖေဖေမှာနောက်ထပ်အမျိုးသမီးတစ်ယောက်ရှိနေပြီ" တဲ့ ...
ကောင်မလေး မျှော်လင့်မထားတဲ့စကားပါပဲ "မေမေရယ်..ဘာဖြစ်လို့လဲ
ဟင်" မေမေမျက်နှာမှာ ဘယ်လိုမှဟန်ဆောင်လို့မရနိုင်အောင် ..........
မေမေငိုတော့မလို့လားမငိုပါနဲ့မေမေရယ်..မေမေပြောနေတဲ့စကားတွေကို ကောင်မလေးကြားတချက်မကြားတချက်နဲ့ ကောင်မလေးလက်ကို မေမေ
လှမ်းကိုင်လိုက်တော့မှ လက်ရှိအချိန်ဟာအိမ်မက်မဟုတ်ပါလားဆိုတာ ကောင်မလေးအတွက်သေချာသွားတော့တယ်"သမီးလေးက အကြီးဆုံး
ပြီးတော့မကြာခင်မှာတက္ကသိုလ်လည်းတက်တော့မယ်ပြောရရင်သမီးလူကြီး
ဖြစ်တော့မယ်လို့မေမေယူဆတယ်" မေမေ ကောင်မလေးမျက်နှာကိုတစ်
ချက်ကြည့်တယ် ကောင်မလေး မေမေကိုခေါင်းညိတ်ပြလိုက်တယ်
"သမီးလေးဖေဖေနဲ့ မေမေကွာရှင်းသင့်လား"..............................
ကောင်မလေး ထိုင်နေတဲ့နေရာကနေ ချက်ခြင်းပျောက်ကွယ် သွားရင်
ကောင်းမှာပဲ လက်တွေ့မှာတော့ ကောင်မလေးပါးစပ်ကနေ ကောင်မလေး
ကိုယ်တိုင်ကြိုတင်မသိလိုက်ပဲ မထင်မှတ်တဲ့စကားပဲ ထွက်သွားပါတယ်
"ကွာရှင်းလိုက်ပါ မေမေ" ....အသံ...ဒါ ကောင်မလေးကိုယ်တိုင်ရဲ့အသံလား
ကောင်မလေး ဒီလောက်ထိ တည်ငြိမ်နေဖို့မသင့်ပါဘူး ရုတ်တရက် မေမေ့
မျက်နှာဟာ အံ့အားသင့်သွားပုံပဲ နောက်စိုးရိမ်မှုကဲတဲ့ဘက်ကိုရောက်သွားပြီး
"သမီးလေး ငိုလိုက်ပါ ငိုချလိုက်ပါသမီးရယ်မေမေ မှားသွားတယ် သမီးလေး
ကိုမပြောသင့်ဘူး ငါ့သမီးလေးကခုမှ ငယ်ငယ်လေးရှိသေးတာ" ဟင့်အင်း
မေမေ သမီးမငိုဘူး မငိုချင်ဘူး "မဟုတ်ဘူး မေမေ မေမေ ကွာရှင်းသင့်တယ်လို့
သမီးထင်တယ် မေမေ ဆက်နေသွားလည်း အဆင်ပြေမှာမဟုတ်ဘူး မေမေ ဖေဖေ့ကိုသည်းခံနိုင်တော့မှာမဟုတ်ဘူး မေမေ့မှာနာကြည်းချက်ရှိသွားပြီ
သမီးတို့ကိုထည့်မစဉ်းစားပါနဲ့မေမေ ပြီးတော့ အဲဒီ အမျိုးသမီးကိုလည်းသွား
မတွေ့ပါနဲ့မေမေ သွားတွေ့ဖို့လည်းမလိုအပ်ဘူး မေမေ"
ကောင်မလေးပြောချင်တာကိုဆက်တိုက်ပဲပြောပြီးထထွက်ခဲ့ပါတယ် မေမေ
ကတော့ ကောင်မလေးကိုဘယ်တုန်းကမှ မတွေ့ခဲ့ဖူးတဲ့လူတစ်ယောက်လို
ကြည့်ရင်းကျန်နေခဲ့ပါတယ်
ထပ်ရေးပါအုံးမည်


No comments:
Post a Comment